Friday, August 14, 2015
တရုတ်နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့က သိုလှောင်ရုံတခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ၂ကြိမ် ဖြစ်
=======================================================>
တရုတ်နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့က သိုလှောင်ရုံတခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ၂ကြိမ် ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို တရုတ်အာဏာပိုင်တို့ ဆက်လက် စုံစမ်းစစ်ဆေးနေချိန်မှာ ဒေသခံတို့ကတော့ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အနီးအနားမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှိနေနိုင်တဲ့ အပေါ် စိုးရိမ်တဲ့ အကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက Tianjin မြို့က အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေ ထည့်ထားတဲ့ သိုလှောင်ရုံ တခုမှာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်း က ပေါက်ကွဲမှု ဖြစ်ခဲ့ တာဖြစ်ပြီး ဒီကနေ့ သောကြာနေ့ အစောပိုင်း အထိ ပေါက်ကွဲမှုဖြစ်ထားတဲ့ နေရာ အနီးမှာ မီးထလောင်တာတွေလည်း ရှိနေဆဲပါ။
သေဆုံးသူ ၅၆ ဦးထိတိုးလာပြီး ဒီထဲမှာ မီးသတ်သမား ၂၁ ဦးတို့လည်း ပါဝင်တယ်လို့ တရုတ် အာဏာပိုင်တို့က ပြောပါတယ်။ ဆေးရုံတင်ထားရတဲ့ ဒဏ်ရာရထားသူ ၇၀၀ တို့ထဲမှာလည်း ၃၃ ဦးတို့က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ တာဝန်ရှိသူတို့က ပြောပါတယ်။
လူဘယ်နှစ်ယောက် ပျောက်ဆုံးနေလဲ ဆိုတာလည်း မသိရသေး သလို သေဆုံးသူတွေ တိုးလာဦးမယ်လို့လည်း အများက ထင်မြင်ယူဆနေကြပါတယ်။
စစ်ဘက်ဆိုင်ရာ နျူးကလီးယားနဲ့ ဇီဝ ဓာတုဆိုင်ရာ ကျွမ်းကျင်သူ ၂၁၇ ဦးတို့ ပါဝင်တဲ့ အဖွဲ့က နိုင်ငံတကာ အနျုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ ဘေဂျင်းရုံးခွဲက အဖွဲ့တို့ကို အခင်းဖြစ်ပွားရာ နေရာထံကို စေလွှတ်ထားပြီး ဖြစ်တယ်လို့လည်း တရုတ် အစိုးရသတင်းစာ Xinhua သတင်းဌာနက ဖော်ပြပါတယ်။
Credit to ဗွီအိုအေ (မြန်မာပိုင်း)
Thursday, August 13, 2015
နင်အပျိုစစ်ရဲ့လား ဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ မ၀ံ့မရဲတဲ့ ဖြစ်စဉ်တွေ အတော်များများ ဖြစ်လာနေပါပြီ(လူငယ်များဆင်ခြင်စရာ)
============================================>
မန္တလေးမြို့တွင် ယခင်ကဲ့သို့ အတွဲ(သမီးရည်းစား)များ ချိန်းတွေ့ရာနေရာမှာပန်းခြံများမဟုတ်တော့Mini Cinema ၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်စသည့်ြ ဖင့်ယောက်ျားလေး၊ မိန်းကလေး နှစ်ယောက်တည်းတံခါးပိတ် ဆွေးနွေးတိုင်ပင်နိုင်သောနေရာများမှာ တစ်စ တစ်စတိုးမြင့်ဖွင့်လှစ်လာခြင်းကြောင့်သမီးပျိုများ အတွက် လက်ထပ်ထိမ်းမြားခြင်းမပြုလုပ်ရသေးဘဲ အပျိုဘ၀စွန့်လွှတ်ရာနေရာ၊ ဘ၀ပျက်ရာ နေရာတစ်ခု ကဲ့သို့ ဖြစ်လာနိုင်သည်ဟု သမီး ရှိမိဘများက တွေး ပူနေကြပြီ၊ တာဝန်ရှိသူတွေကရော ဒီအတိုင်း ကြည့်နေကြတော့မှာလား။
တွေးပူတာနဲ့တင်မပြီးသေးပါဘူး၊ ဖြစ်စဉ်တွေလည်းရှိနေပါတယ်၊ နယ်မြို့လေးတစ်မြို့က မန္တလေးမြို့ပေါ်ကိုရောက် အလုပ်တစ်ခုမလုပ်မီမှာ ရည်းစားထား၊ အဆိုပါ နေရာတွေကို သွားရတာ လွယ်ကူ တဲ့အတွက် သွား၊ ကိုယ်ဝန်ရ၊ ရတဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့ အနေအထားမရှိတဲ့ သူနဲ့ တွေ့ပြီး တဲ့နောက် ကိုယ်ဝန်ကိုလက်သိပ်ထိုးဖျက်ချ၊ ဆရာဝန်မဟုတ်တဲ့သူက ကိုယ်ဝန်ဖျက်ချပေးတော့ ကျေးရွာတစ်ခုက ကွမ်းတော်ကိုင်ပန်းတော်ကိုင်အသက်၂၁နှစ် အရွယ် မိန်းက လေးတစ်ဦးမှာ အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။
“ဆေးရုံပြဖို့လုပ်တယ်၊ အမျိုးသမီးဆေးရုံကြီးကိုသွားမပြဘူးလို့ အတင်းငြင်းတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကိုပြတယ်၊ ဟိုစစ်ဒီစစ်ဆေးနေပြီး ဘာရောဂါ မှ မတွေ့ရှိပါဘူး၊ ဘာမှမဖြစ်ဘူးလို့ ထင်တဲ့အတွက် ရွာပြန်လာတယ်၊ ရွာရောက်တော့ အသားအရေမည်းခြောက်နေပြီးဆရာဝန်နဲ့ကုမရလို့ သားဖွားဆရာဝန်မ တစ်ဦးကိုပြကြည့်ရာမှ သားအိမ်ထဲမှ ကျန်တဲ့ အသားက ပုတ်နေပြီ အမြန်ဆေးရုံပို့လို့ပြောပေမယ့် ပို့တဲ့လမ်းမှာတင်အသက်သေဆုံးသွားခဲ့ရပါတယ်”မျက်ရည်မ ဆည်နိုင်အောင်ငိုကြွေးထားသော မိခင်က သမီးဖြစ်စဉ်အား ရှင်းပြခဲ့သည်။ 
ထို့ဖြစ်စဉ်ဖြစ်ပွားရခြင်း အစပထမမှာအရှက်ကို ရှေ့တန်းမတင်ဘဲ နောက်ပိုင်း ပြဿနာဖြစ်ပွားကာမှ အရှက်တရား ကို ရှေ့တန်းတင် ဆေး ကုသမှုမပြုခဲ့ တာကြောင့် အခုလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက် မိဘတွေထိန်းသိမ်းဖို့၊ ကာယကံရှင် မိန်းမပျိုတွေအနေနဲ့လည်း ထိန်းသိမ်းဖို့လိုလာနေပြီဆိုတာကို သိသာထင်ရှားစွာ မီးမောင်းထိုးပြလိုက်တာပါပဲ။သိသာထင်ရှားစွာပေါ်လွင်လာတာနဲ့အတူ လက်ရှိအနေအထားအရ အထက်ပါဖြစ်စဉ်လိုမျိုး ဘယ်နှဦးလောက်ြ ဖစ်နေပြီလဲဆိုတာကတော့ အတိအကျမသိရပါဘူး။
ဒါပေမဲ့ အရေအတွက်အရတော့မနည်းတော့ဘူးဆိုတာကတော့ တွေးကြည့်ရုံနဲ့သိသာပါတယ်။
အဲဒါတွေဖြစ်ပွားလာရတဲ့အကြောင်းအရင်းတစ်ခုအနေနဲ့ကတော့ ကျောင်းပတ်ဝန်းကျင်၊ တက္ကသိုလ်နားဝန်ကျင်မှာလည်းဟိုတယ်၊ မိုတယ်၊ Mini Cinema တွေကိုမှိုလိုပေါက်အောင် ဖွင့်လှစ်ခွင့်ပြုထားတာတွေကြောင့် အချိန် ပိုင်းအနားယူသွားအိပ်၊ဘ၀ပျက်ကြရတာတွေကလည်း ဒုနဲ့ဒေးပါပဲ၊ စာပေပိုင်းဆိုင်ရာကို လေ့လာမှုကတော့ မသိဘူး၊ နိုင်ငံတကာယဉ်ကျေးမှုကိုတော့ လိုက် နာနေကြတာကတော့ မြေကြီးလက်ခတ်မလွဲဘဲ တွေ့မြင်နေရတာပါပဲ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ် အရွယ်မခင်ခင်က(အမည်လွှဲ) “နယ်မြို့ကလာတဲ့မနိးကလေးတေကွ အများဆုးံ ၀န်ထမ်းအလုပ်လုပ်ပြီး မြို့မှာနေထိုင် ကြ တာများတယ်၊သူတို့က ငွေကို အဓိကထားတယ်၊ ဝေဖန်တာမဟုတ်ပါဘူး၊ အမြင်ကိုပြောတာဖြစ်ပါတယ်၊ အဆောင်တစ်ခုမှာ မိန်းကလေး၃၀ဦး လောက် ရှိမယ်ဆိုရင် ငါးဦးနဲ့ ရှစ်ဦးကြားမှာဖြစ်နေတယ်။ ကျွန်မနေခဲ့တဲ့ အဆောင်က အနေအထားကို ပြောတာပါ၊အဲဒီထဲမှာ တချို့ဗိုက်ပေါ်လို့ပြန်သွားတာ၊လက် သိပ် ထိုးဖျက်ချတာ မျိုးစုံရှိပါတယ်၊အဓိကတော့ အလေးမထားတာနဲ့ လွယ်လွယ်ကူကူ ဖြစ်နိုင်တဲ့နေရာတွေပေါလာတာကြောင့်လို့ထင်တယ်၊ဒါတင်မကတစ်ယောက် နဲ့တစ်ယောက် ဘယ်ဟိုတယ်၊ ဘယ်နေရာက သန့်တယ်ဆိုတာမျိုးအထိ လမ်းညွှန်လုပ်ဆောင်လာကြတာမျိုး ဖြစ်လာနေပြီ” ဟု ပြောသည်။
ယင်းကဲ့သို့သောပြောင်းလဲမှုအပြင်မန္တလေးမြို့မှာ အခါကြီးရက်ကြီး အလည်ထွက်၊ ဘုရားဖူးသွားတဲ့ ခေတ်မ ဟုတ်တော့ဘဲ ဟိုတယ်လူပြည့်တဲ့အထိစည် ကား တဲ့မြို့၊မာဆတ်တွေ တောင်ပုံရာပုံဖွင့်လှစ်ခွင့်ပေးအဲဒီမှာ ရရှိတဲ့ ငွေကြေးအနည်း ငယ်ကြောင့်ဘ၀ပျက်သွားရတဲ့ သမီးပျိုတွေနေထိုင်တဲ့မြို့၊ အရက်သေ စာေ သာက်စားဖို့အတွက်လည်း အသက်၁၈ နှစ်ပြည့်ပြီလားဆိုတာမကြည့်၊ ရောင်းချဖို့ရဖို့အတွက် အဓိကဦးစားပေးနေတဲ့မြို့ စသည့်ဖြင့် ထိန်းချုပ်ကန့်သတ်မှုမ ရှိတော့တဲ့ မြို့အဖြစ် တဖြည်းဖြည်းပုံပြောင်းလို့လာနေပါပြီ။
ထဘီခြေဖနောက်ဖုံးဝတ်တဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးက မန္တလာသူကနေ ဒူးအောက်မဆင်းအ၀တ်အစားတွေဝတ်လာပြီး ယဉ်ကျေးမှုပြယုဂ် နွမ်းပါးလာတဲ့ မြို့အဖြစ် တဖြည်းဖြည်း ပုံပြောင်းစပြုလာနေပြီလို့ ထင်တယ်။ ဒါတွေသာမက အမျိုးသမီး များအနေဖြင့် ယခင်ကလိုမျိုး မိမိတစ်သက် တာပေါင်း သင်းနေထိုင် မည့်သူနှင့် နေထိုင်ခြင်း ကိုအချို့သောသူများက လုပ်ဆောင် ကြသော်လည်း ယခုခေတ်တွင် ယင်းကဲ့သို့ ပုံစံမျိုး မဟုတ်ဘဲ မည့်သည့်အကြောင်း အရင်းမျှ မသိ ရသေးသောသူများနှင့် သမီးရည်းစားဖြစ်ကာ အလေးမထားဘဲ အတူတကွနေထိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားမှုများရှိလာခြင်းဖြစ်ကာ အထက်ပါ ဖြစ်စဉ် များကဲ့သို့ အသက်သေဆုံးသည့်အထိဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အသက် ၄၅နှစ်ရှိဒေါ်အေးက သုံးသပ်ပြောဆိုခဲ့သည်။
သုံးသပ်ချက်များအပြင် လက်ရှိအချိန်ကာလအား ဒီမိုကရေစီခေတ်ဟုဆိုကာဖော်ချွတ်မော်ဒယ်များ တဖြည်းဖြည်းတိုးတက်လာခြင်း၊ အမျိုးသမီးများအရက်သေ စာသောက်စားမှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြခြင်း၊ သမီးရည်း စားနေထိုင်မှုပုံစံ ပွင့်လင်းသထက် ပွင့်လင်းလာခြင်းတို့ကြောင့် အတုမြင် အတတ်သင် လာနိုင်ခြင်း၊ အွန်လိုင်းပေါ်မှ အပြာရောင်ဝက်ဘ်ဆိုဒ်များအား အလွယ်တကူကြည့်ရှုလာကာမလိုလားအပ်သော အတုယူမှားများကိုလူငယ်၊ လူရွယ်များမှ ရယူ လာခြင်းကြောင့်လည်း တဖြည်းဖြည်း ယခုကဲ့သို့အသွင်ပြောင်းလဲလာခြင်းဖြစ်သည်။
“မူးယစ်ဆေးဝါးလက်တစ်ကမ်းမှာဝယ်ယူနိုင်တဲ့အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊၁၈+ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့်အနောက်တိုင်း ယဉ်ကျေးမှုဝင်ရောက်လာပြီး၊လက်မထပ်မီအတူနေထိုင်ခြင်းတွေဖြစ်ပေါ်တာပါ၊ဒါ့အပြင်သူများနိုင် ငံတွေလိုကျန်းမာရေးအသိစိတ်ဓာတ်၊ ဆေးဝါးပိုင်းဆိုင်ရာအသိ စသည့်တို့ကို သိရှိနားလည်ခြင်းမရှိတာကြောင့် ဒီလိုတွေဖြစ်ကုန်တာ၊အဲလိုမျိုးတွေမဖြစ်အောင် အားလုံးကို သိရှိလုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာမှာ တာဝန်ရှိတယ်” ဟု ဒေါ်အေးကပြောသည်။
ယင်းအချက်အလက်များကြောင့်လက်ရှိအချိန်တွင် နင်အပျိုစစ်ရဲ့လားလို့မေးခွန်းပိုင်းဆိုင်ရာမှာအခုခေတ်လူငယ်ကြားတွင်ဖဆိုဖို့မ၀ံ့မရဲတဲ့ဖြစ်စဉ်တွေတော တော် များများဖြစ်လာခဲ့ကြောင်း ၊အားလုံးခြုံငုံသုံးသပ်ပြောဆိုခြင်းတော့မဟုတ်ပါဘူး၊ လက်ရှိလူငယ်တွေကို အဓိကထားဆိုခြင်းဖြစ်တယ်လို့ အမျိုးသမီးတစ် ဦးကပြောခဲ့ပါတယ်။
ထို့ကဲ့သို့သောဖြစ်စဉ်များနှင့် ပတ်သက်၍ ၀န်ထမ်းအမျိုးသားတစ်ဦးဖြစ်သည့်ကိုအေး(အမည်လွှဲ) အား ထင်မြင်ချက်မေးမြန်းရာ “ ကျွန်တော်တို့ ယောက်ျားေ လးတွေက ကိုယ်တစ်သက်တာ လက်တွဲရမယ့်သူဖြစ်မယ့်မိန်းမတွေမှာ ရှိသင့်တဲ့အပျိုဂုဏ် ဆိုတာမျိုးကို တန်ဖိုးထားနေကြဆဲပါ၊အဖော်အချွတ်တွေ ပေါ်လာလို့ လည်းယောက်ျားဖြစ်တာကြောင့် ကြည့်တယ်၊အလေးထားမှုတော့မရှိပါဘူး”ဟု ပြောဆိုသွားခဲ့ပါတယ်။
ဒါမျိုးတွေမဖြစ်၊ သမီးပျိုတွေကို ဝေဖန်နေ တာမျိုးတွေရှိလာရတဲ့ အဓိက အချက်ကတော့ သက်ဆိုင်ရာကနေ ထိန်းချုပ်မှုမပြုတာ၊ လူငယ်လူရွယ်တွေ နေထိုင် သွားလာမှုများတဲ့ ကျောင်း၊ တက္ကသိုလ်ပတ်ဝန်းကျင်မှာ အဲလိုမျိုးဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုတာ၊ ဟိုတယ်တွေမှာ ကျောင်းသား၊ လူငယ်တွေကို တည်းခိုခွင့်ကို ကြပ်မတ်လုပ်ဆောင်တာ၊ အရက်ဆိုင်၊ ဘီယာဆိုင်များကိုဖွင့်လှစ်ခွင့်ကန့်သတ်တာတို့လုပ်ဆောင်သင့်ပါတယ်။
ဒါပေမဲ့ လုပ်ဆောင်ခြင်းကတော့ အခုထိထင်ထင်ရှားရှားမရှိသေးပါဘူး။ဥပမာအနေနဲ့ပြောရင်မန္တလေးတက္ကသိုလ်အနီးဝန်းကျင်မှာအတွဲတွေအတွက် လေအေး စက်ပါတဲ့ အခန်းတွေကိုတစ်နာရီကျပ်နှစ်ထောင်ဝန်းကျင်နဲ့ အတားအဆီးမရှိ ဖွင့်လှစ်ခွင့်ပြုထားတာ၊ အဲဒီနေရာမှာ တစ်နေ့ကို အတွဲပေါင်းရာဂဏန်းဝန်းကျင် အထိနေ့စဉ် လာရောက်ကြတာ၊အဲဒီထဲမှာ ဘယ်လောက်များ သမီးပျိုလေးတွေရဲ့ ဘ၀ပျက်စီးသွားရပြီလဲဆိုတာကိုချင့်ချိန်တွေးတောကြည့်နိုင်ပါတယ်။ အမြင် မတင့်တယ်သလို ဥပဒေအရလည်း ခွင့်ပြုမယ်လို့ မထင်ပါဘူး၊ ဒါတွေမဖြစ်အောင်သက်ဆိုင်ရာအနေနဲ့ လျစ်လျူရှုမနေပါနဲ့လို့ ပြောချင်ပါတယ်။ 
Credit to New Myanmar News
မူရင်းလင့် - http://newmyanmarpyi.blogspot.com/2015/08/blog-post_943.html 
Viber ကနေ ပြည်တွင်ဖုန်းနံပါတ်ကို မက်ဆေ့နှင့် ဖုန်း Free Call တိုက်ရိုတ်ခေါ်ဆိုနိုင်
======================================================>
ပြည်ပသို့ ရောက်ရှိနေကြတဲ့မြန်မာတွေတွက် Viber ကနေ ပြည်တွင်ဖုန်းနံပါတ်များကို မက်ဆေ့ နှင် ဖုန်း Free Call တိုက်ရိုတ်ခေါ်ဆိုနည်းဖြစ်ပါတယ်။
သာမန်အားဖြင့် ပြည်ပကနေ ပြည်တွင်ဖုန်းနံပါတ်တွေကို Viber ကနေတိုက်ရိုတ်ဖုန်းခေါ်လို့ မရပါဘူး ပြည်တွင်ကနေ ပြည်ပဖုန်းနံပါတ်ကို မက်ဆေ့ ဖြစ်ဖြစ် ဖုန်းဖြစ်ဖြစ် အရင်ဆက်သွယ်လိုက်မှာသာ နှစ်ဦးနှစ်ဖက် ဖုန်းပြောဆိုခြင်းတွေကိုပြုလုပ်နိုင်မှာပါ။ အခုနည်းကတော့ ပြည်တွင်ကအရင်မဆက်ဘဲ ပြည်ပကနေတိုက်ဆက်သွယ်မှာဖြစ်ပါတယ်။
ပြုလုပ်ရမှာက မိမိဖုန်း၏ Keypad မှာ +959 ခံပြီး ပြီး မြန်မာပြည်ဖုန်းနံပါတ်ုဖစ်တဲ့ 09 ကိုဖြုတ်ပြီး နောက် 9 လုံးကို ရိုတ်ထည့်ပါ။
ဥပမာ ဆိုကြပါစို။
မြန်မာပြည်ဖုန်းနံပါတ်က 09401653790 ဆိုရင်
ဖုန်းရဲ့ Keypad မှာရိုတ်ရမှာက +959401653790 ဖြစ်ပါတယ်။
ဖုန်း၏ Keypad မှာအပေါ်တိုင်ရိုတ်ပြီးရင်တော့ "Add to Contacts "နှိပ်ပြီး "Create Contact" နှိပ်ကား Name တွင် အမည်ရေးပြီး"save" ကိုနှိပ်ပေးလိုက်ပါ။
အပေါ်ကအချက်ပြီးရင်တော့ Viber ထဲမှာ အပေါ်ကအမည်နဲပေါ်နေတာကို နှိပ်ပြီး စပြီးတော့ ပြည့်တွင်ဖုန်းနံပါတ်ကို မက်ဆေ့နဲဖုန်းဖေါ်ဆိုနိုင်ပါပြီး။
Free Call နှင့် Free Message မပေါ်ရင်တော့ အပေါ်ကအမည်နဲဖုန်းနံပါတ်ကိုနှိပ်ပြီး "Viber Call Out " ကိုတစ်ချက်နှိပ်လိုက်ရင်တော့ Free Call နဲ Free Message ပေါ်လာမှာဖြစ်ပါတယ်။
အာကာ
Software Guide
 Credit to www.swln.info
ပလပ်စတစ်နဲ့ ပိုက်ကွန်ကြိုးဖြုတ်ဖို့ အကူအညီတောင်းတဲ့ ဝေလငါး
========================================================>
သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မြောက်ပိုင်း Middle Harbour ရေလက်ကြား ဒေသမှာ အပျော်တမ်း ငါးဖမ်း သင်္ဘောတစ်စီးဟာ အကူအညီတောင်းတဲ့ ဝေလငါး တစ်ကောင်နဲ့ ကြုံခဲ့ ပါတယ်။
ပုံမှာ မြင်တွေ့ရသလိုပဲ ဝေလငါးက ဧရာမ ဝေလငါးကြီး ဖြစ်ပြီး ပါးစပ်းနဲ့ ခေါင်းတစ်ဝိုက်မှာ ပလပ်စတစ်အိပ်နဲ့ ငါးဖမ်း ပိုက်ကွန် ကြိုးများ တွယ်ကပ် နေပါတယ်။ ဒါကြောင့်မို့ အသက် ၁၇ နှစ်အရွယ် ရှိ လူငယ် Michael Riggio ရဲ့ လှေအနီးကို ရောက်လာပြီး အကူအညီတောင်းပါတယ်။ အကူအညီတောင်းမှန်းလည်း သိသာအောင် လှေတစ်ဝိုက် ကွေ့ပတ်ပြီး ရေကူးတာမျိုး၊ လှေအောက်ကနေ ကူးပြီး အပေါ်ထောင်ပြတာမျိုးတို့ကနေ စလို့ လှေပေါ်ကလူတို့ လက်လှမ်းမှီလောက်တဲ့ အမြင့်အထိရောက်အောင်လည်း ခေါင်းကို ပြူထွက်ပြ ပါတယ်။ လှေဟာ အနည်းငယ်မြင့်ပေမယ့် ဝေလငါး ခမျာ ပလပ်စတစ်နဲ့ ကြိုးကို အင်မတန် ဖယ်ရှားလိုသောကြောင့် လူတို့ရဲ့ အာရုံစိုက်မှု ရအောင် ကြိုးစားယူခဲ့ ပါတယ်။
လှေပေါ်က လူငယ်တစ်ဖွဲ့ဟာလည်း ဝေလငါးဟာ အကူအညီတောင်းနေခြင်း ဖြစ်ကြောင်းကို မိနစ်ပိုင်းအတွင်း နားလည်ခဲ့ပြီး ခေါင်းပြူထွက်လာတဲ့ ဝေလငါးရဲ့ ခေါင်းပေါ်က ပလပ်စတစ်နဲ့ ကြိုးကို ဖယ်ရှားပေးခဲ့ ပါတယ်။ မဖယ်ရှားခင်မှာ selfie ဓာတ်ပုံ အရင်ရိုက်လိုက်ပါသေးတယ်။ ဖယ်ရှားပြီးတော့ ဧရာမ ဝေလငါးဟာ ရေအောက်ပြန်ဆင်းသွားပြီးထွက်သွားတဲ့အခါ ကျေးဇူးတင်ကြောင်းကို ရေခပ်တဲ့ တောင်ပံနဲ့ ဝှေ့ယမ်း ပြသခဲ့ ပါတယ်။ ဝေလငါးဟာ ကမ္ဘာပေါ်မှာ ဥာဏ် အကောင်းဆုံး တိရစ္ဆာန်များ စာရင်းထဲမှာ ပါဝင်တဲ့ တိရစ္ဆာန် တစ်မျိုး ဖြစ်ပ်ါတယ်။
ယင်းဖြစ်ရပ်ဟာ သဘာဝပတ်ဝန်းကျင်မှာ ပလပ်စတစ်နဲ့ စွန့်ပစ် ပစ္စည်းများကြောင့် သက်ရှိများ သေဆုံး ကြရကြောင်းကို သက်သေပြခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com
ဟင်္သာတ မြို့နယ်အတွင်းရှိ စစ်ကုန်းအုပ်စုက ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတချို့မှာ ရေနာမိပြီး နွားတွေ သေဆုံး
==================================================>
ဟင်္သာတ မြို့နယ်အတွင်းရှိ စစ်ကုန်းအုပ်စုက ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတချို့မှာ ရေနာမိပြီး နွားတွေ သေဆုံးခဲ့သလို တိရစ္ဆာန်အစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေပါတယ်။
ဟင်္သာတမြို့နယ်မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းသွားပြီ ဖြစ်ပေမယ့် ရေနစ်မြုပ်ခဲ့တဲ့ စစ်ကုန်းကျေးရွာအုပ်စု ရေလယ်သောင်းကျေးရွာမှာ နွားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ဧရာဝတီမြစ်ရေ ကျဆင်းသွားပြီး ရေဘေးကယ်ဆယ်ရေး စခန်းအသီးသီးက ရေဘေးသင့်ပြည်သူတွေ နေရပ်ပြန်ကြပြီး အလှူရှင်များရဲ့ ထောက်ပံ့မှုကြောင့် စားဝတ်နေရေး အဆင်ပြေပေမယ့် တိရစ္ဆာန်တွေအတွက် အစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေပါတယ်။
ရေနစ်မြုပ်ခဲ့တဲ့ဒေသက နွားတွေဟာ ရေထဲမှာ ရက်ကြာကြာ ရေစိမ်နေခဲ့ရတဲ့အတွက် ခွာဆစ်မှ ခြေထောက်တလျှောက်နဲ့ ဝမ်းဗိုက်စပ်အထိ ယောင်ကိုင်းနေကာ ရေနာမိလို့ သားရေတွေနူးပြီး အနာဖြစ်နေကြပါတယ်။
ဧရာဝတီမြစ်ရေဟာ အရင်နှစ်တွေထက် စံချိန်တင် မြင့်တက်ခဲ့လို့ ကျေးရွာတချို့မှာ တိရစ္ဆာန်တွေ ပြောင်းရွှေ့မှု အခက်အခဲရှိခဲ့ပါတယ်။
ရေလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိလာတဲ့ တိရစ္ဆာန်တွေကို မြို့နယ် တိမွေးကုဌာနနဲ့ ကျေးလက်လူငယ် (ကြက်ခြေပြာ) အဖွဲ့က ကုသပေးခဲ့ပြီး ရေနစ်မြုပ်ဒေသက ကျန်တိရစ္ဆာန်တွေကိုလည်း လိုက်လံကုသပေးဖို့ စီစဉ်နေပါတယ်။
ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ သြဂုတ် ၁၃ ရက် မနက် တိုင်းတာချက်အရ ၄၃ ဒသမ ၅၅ ပေမှာ ရှိနေပြီး စိုးရိမ်ရေအမှတ် ၄၄ ပေအောက် ၆ လက်မခန့် ကျဆင်းသွားလို့ သက်ဆိုင်ရာက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
ဟင်္သာတမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအုပ်စု ၂၂ စု၊ ကျေးရွာခွဲပေါင်း ၁၃ဝ၊ လူဦးရေ ၄၂၁၅၁ ဦး ရေဘေးသင့်ခဲ့ပြီး တာအပြင်ပိုင်း ကျေးရွာများရှိ မိုးစပါးစိုက်ဧက ၈၁၉၆ ဧကခန့် ရေနစ်မြုပ်ခဲ့ကာ ၅၁၆၈ ဧကခန့် ပျက်စီးခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့ စာရင်းတွေအရ သိရပါတယ်။
သတင်းဓာတ်ပုံ – Pyi Phyo
Credit to ဒီဗွီဘီ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်ရှိ ဗိုလ်လောင်းစားရိပ်သာတွင် သင်တန်းသား ဗိုလ်လောင်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အတူတကွ နေ့လယ်စာ စားသုံး
======================================================>
နေပြည်တော် ၊ သြဂုတ် ၁၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်ရှိ ဗိုလ်လောင်းစားရိပ်သာတွင် သင်တန်းသား ဗိုလ်လောင်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အတူတကွ နေ့လယ်စာ စားသုံးခဲ့ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး facebook စာမျက်နှာမှ
သတင်းရရှိပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး's photo.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး's photo.တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး's photo.
ကင်ဆာဝေဒနာရှင်တို့အတွက် အစွမ်းထက်သည့် ကျောက်သဗြက်ကုထုံး
============================================================>
ဟင်္သာတမြို့၊၁၁-၀၃-၂၀၁၅
ကင်ဆာဝေဒနာရှင်တို့အတွက် အစွမ်းထက်သည့် ကျောက်သဗြက်ကုထုံး
မြန်မာတို့၏ တိုင်းရင်းဆေးပညာသည် အာသောကမင်းကြီး ကိုးတိုင်း၊ကိုးဌာနသာသနာပြုမစေလွှတ်မှီ ကတည်းကပင်ပျူခေတ်ဆေးပညာ၊ဗိဿနိုးမြို့တည်ချိန်မှစတင်၍ ပေါ်ပေါက်နေပြီဖြစ်ကြောင်းသမိုင်းမှတ်တမ်း
များကသက်သေခံလျှက်ရှိလေသည်။ထိုမြန်မာ့ဆေးပညာနှင့်ပတ်သက်၍ ပညာရပ်ဆိုင်ရာကျမ်းပေါင်း (၃၆၈) ကျမ်းရှိကြောင်း၊ ပိဋကတ်တော်လာသမိုင်းနှင့် ပညာရပ်ဆိုင်ရာကျမ်းများ ဦးရေစာရင်း တွင် ဖော်ပြလားသည်ကိုတွေ့ရပါသည်။  ဆေးကျမ်းများအလိုအရတိုင်းရင်းဆေးများဖော်စပ်ရာတွင်ဒေသထွက်
သစ်ဥ၊ သစ်ဖု၊ ဆေးဖက်ဝင်သစ်ပင်၊ သစ်နွယ်အဖူး၊ အပွင့်များကို အဓိကထားဖော်စပ်လေ့ရှိကြသည်။ နွယ်မြက်သစ်ပင်တို့သည်ကား ဆေးဖက်ဝင်လှပါသည်။
အလားတူ မြန်မာနိုင်ငံတစ်ဝန်း နေရာဒေသအနှံအပြားတွင် အလေ့ကျပေါက်ရောက်သည့် သဗြက်ပင်(CAYRATIA) သည် အံ့သြဖွယ်ကောင်းလောက်အောင်
အစွမ်းထက်လှပါသည်။
ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိသစ်ပင်ကြီးများနှင့်သစ်ပင်ငယ်တို့ကိုမှီတွယ်တက်ရောက်သောနွယ်ပင်တစ်မျိုးဖြစ်သည်။
ဟင်္သာတခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရီုင်တိုင်းရင်းဆေးမှူးကြီးနှင့်မြို့နယ်တိုင်းရင်းဆေးမှူးတို့ဦးဆောင်၍ ခရိုင်တိုင်းရင်းဆေးဆရာအသင်းဝင်များသည်ဟင်္သာတမြိုနယ်၊ နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လေဖြတ်ဝေဒနာရှင်များအား ကျောက်သဗြက်အသီးအညွှန်များကို စားသုံးစေခြင်းဖြင့်ကုသရာဝေဒနာပျောက်ကင်းချမ်းသာလာခဲ့သည်ကို တွေ့ခဲ့ကြရပါသည်။
ထို့အပြင် ကျောက်သဗြက်သီးသည် အဆီကျစေနိုင်ခြင်းနှင့် သွေးတိုး၊ဆီးချို၊နှလုံး၊စသောရောဂါများသည်သာမကပဲ ကင်ဆာရောဂါကိုပင် ပျောက်ကင်းအောင်ကုသနိုင်ခဲ့ကြောင်းတွေ့ရှိခဲ့ပါသည်။ထို့ကြောင့် ကင်ဆာရောဂါအပါအ၀င်အခြားသောရောဂါများကိုပါနိုင်နင်းလှပါသော လွယ်လင့်တကူရရှိနိုင်သည့် ကျောက်သဗြက် ဆေးစွမ်းကို လိုအပ်သူများသိရှိနိုင်စေရန် တင်ပြလိုက်ပါသည်။ကင်ဆာရောဂါနှင့်ကျောက်သဗြက်
ကင်ဆာရောဂါဝေဒနာရှင်များသည် ထိုကျောက်သဗြက်ပင်မှ အစေ့တို့ကို စားသုံးပေးခြင်းနှင့် ဝေဒနာဖြစ်ရာသို့ လိမ်းပေးခြင်းဖြင့် သတ်မှတ်ထားသောရက်အတွင်းဝယ် သိသိသာသာ သက်သာလာပါလိမ့်မည်။အရွက်အညွှန့်တို့ကိုလည်း အကူဓါတ်စာအဖြစ် စားသုံးပေးရပါမည်။အပြည့်အစုံသိရှိလိုပါလျှင်အောက်ဖော်ပြပါဆရာကြီးထံသို့သာဆက်သွယ်မေးမြန်းနိုင်
ပါသည်။ ကင်ဆာရောဂါပျောက်ကင်းသည့်ကျောက်သဗြက်အကြောင်းအား  ဖြေကြားပေးပါရန်
အကူအညီတောင်းခံရာတွင် စိတ်ရောကိုယ်ပါလိုက်ပါဆောင်ရွက်ပေးပါသော
တိုင်းရင်းသမားတော်ကြီး အဌာရသဆရာသောင်းအား ကျေးဇူးအထူးတင်ရှိပါသည်။ဆရာကြီးသည် န၀ဓုတင်င်္ဂါစာရ မဟာထေရ်၏အပါးတွင် အလုပ်အကျွေးပြုကုသိုလ်ယူနေလျှက်ရှိပါသည်။ အသေးစိတ်အားသွားရောက်မေးမြန်းစုံစမ်းလိုပါလျှင် တိုင်းရင်းသမားတော်ကြီး
အဌာရသ ဆရာသောင်း၊ဓုတင်ဆောင်၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၊ ဟင်္သာတမြို့သို့သွားရောက်မေးမြန်းနိုင်ပါသည်။
ဆက်လက်မျှဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက်။   ။ ဆောင်းပါးနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းလိုပါက Hinthadanewsuapdemedia's Messages Box တွင် ဖုံးနံပါတ်(သို့)စာရေးသားထားနိုင်ပါသည်။ဆောင်းပါးပါ ကျောက်သဗြက်သီးသည် ကျီးအာသီးမဟုတ်ပါ။လက်တွေ့ကင်ဆာရောဂါ၊ဆီးချို၊သွေးတိုး၊နှလုံးရောဂါများနှင့်အခြားရောဂါများကိုပါနိုင်နှင်းကြောင်း
လက်တွေ့၊ပွဲတွေ့ဟုသိရှိရပါသည်။
(ကင်ဆာရောဂါဝေဒနာဆိုးမှ လူသားတိုင်းကင်းလွတ်နိုင်ကြပါစေ။)