Thursday, August 13, 2015

ပလပ်စတစ်နဲ့ ပိုက်ကွန်ကြိုးဖြုတ်ဖို့ အကူအညီတောင်းတဲ့ ဝေလငါး
========================================================>
သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မြောက်ပိုင်း Middle Harbour ရေလက်ကြား ဒေသမှာ အပျော်တမ်း ငါးဖမ်း သင်္ဘောတစ်စီးဟာ အကူအညီတောင်းတဲ့ ဝေလငါး တစ်ကောင်နဲ့ ကြုံခဲ့ ပါတယ်။
ပုံမှာ မြင်တွေ့ရသလိုပဲ ဝေလငါးက ဧရာမ ဝေလငါးကြီး ဖြစ်ပြီး ပါးစပ်းနဲ့ ခေါင်းတစ်ဝိုက်မှာ ပလပ်စတစ်အိပ်နဲ့ ငါးဖမ်း ပိုက်ကွန် ကြိုးများ တွယ်ကပ် နေပါတယ်။ ဒါကြောင့်မို့ အသက် ၁၇ နှစ်အရွယ် ရှိ လူငယ် Michael Riggio ရဲ့ လှေအနီးကို ရောက်လာပြီး အကူအညီတောင်းပါတယ်။ အကူအညီတောင်းမှန်းလည်း သိသာအောင် လှေတစ်ဝိုက် ကွေ့ပတ်ပြီး ရေကူးတာမျိုး၊ လှေအောက်ကနေ ကူးပြီး အပေါ်ထောင်ပြတာမျိုးတို့ကနေ စလို့ လှေပေါ်ကလူတို့ လက်လှမ်းမှီလောက်တဲ့ အမြင့်အထိရောက်အောင်လည်း ခေါင်းကို ပြူထွက်ပြ ပါတယ်။ လှေဟာ အနည်းငယ်မြင့်ပေမယ့် ဝေလငါး ခမျာ ပလပ်စတစ်နဲ့ ကြိုးကို အင်မတန် ဖယ်ရှားလိုသောကြောင့် လူတို့ရဲ့ အာရုံစိုက်မှု ရအောင် ကြိုးစားယူခဲ့ ပါတယ်။



လှေပေါ်က လူငယ်တစ်ဖွဲ့ဟာလည်း ဝေလငါးဟာ အကူအညီတောင်းနေခြင်း ဖြစ်ကြောင်းကို မိနစ်ပိုင်းအတွင်း နားလည်ခဲ့ပြီး ခေါင်းပြူထွက်လာတဲ့ ဝေလငါးရဲ့ ခေါင်းပေါ်က ပလပ်စတစ်နဲ့ ကြိုးကို ဖယ်ရှားပေးခဲ့ ပါတယ်။ မဖယ်ရှားခင်မှာ selfie ဓာတ်ပုံ အရင်ရိုက်လိုက်ပါသေးတယ်။ ဖယ်ရှားပြီးတော့ ဧရာမ ဝေလငါးဟာ ရေအောက်ပြန်ဆင်းသွားပြီးထွက်သွားတဲ့အခါ ကျေးဇူးတင်ကြောင်းကို ရေခပ်တဲ့ တောင်ပံနဲ့ ဝှေ့ယမ်း ပြသခဲ့ ပါတယ်။ ဝေလငါးဟာ ကမ္ဘာပေါ်မှာ ဥာဏ် အကောင်းဆုံး တိရစ္ဆာန်များ စာရင်းထဲမှာ ပါဝင်တဲ့ တိရစ္ဆာန် တစ်မျိုး ဖြစ်ပ်ါတယ်။
ယင်းဖြစ်ရပ်ဟာ သဘာဝပတ်ဝန်းကျင်မှာ ပလပ်စတစ်နဲ့ စွန့်ပစ် ပစ္စည်းများကြောင့် သက်ရှိများ သေဆုံး ကြရကြောင်းကို သက်သေပြခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎news_yyl‬
www.yoyarlay.com


No comments:

Post a Comment